နေပြည်တော်   စက်တင်ဘာ  ၉

 

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ ကျင်းပခဲ့ပြီး ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၏ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာ တန်းဝင် ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ သင်းဝင်၊ ခရေ၊ အရိပ်ရလေကာ မန်ဂျန်ရှား စသည့် အပင်စုစုပေါင်း ၁၁၂၀ ကို စိုက်ပျိုးခဲ့ကြောင်း၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် ဒေသအနှံ့ ရုံးဌာနအားလုံးတွင် ယနေ့အထိ ရတနာတန်းဝင် အပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များ စုစုပေါင်း ၁၅၇၅၃၇ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ် တော ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ည်ရွယ်ပြီး သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနေခြင်းကြောင်း သိရသည်။

(သတင်းစဉ်)