ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် FOOTBALL FOR SCHOOL LAUNCHING CEREMONY တက်ရောက်

 

နေပြည်တော် ဇွန် ၁၂

FOOTBALL FOR SCHOOL LAUNCHING CEREMONY ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် ဦးရဲမြင့်ထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်က သည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများက ဘောလုံးကွင်းအတွင်း နေရာယူကြပြီး ပြည်ထောင်စုဝန်ကြီးအား အလေးပြု ကြကာ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦးက Adidas size 4 ဘောလုံးများအား နေပြည်တော် ပညာရေးမှူး ဒေါက်တာကျော်လွင်ထံ ပေးအပ်သည်။

 

လက်တွေ့သရုပ်ပြသင်ကြား

ထို့နောက် ကျောင်းသား ကျောင်းသူများ FIFA School Mini Football Field အတွင်း လက်တွေ့သရုပ်ပြ သင်ကြားနေမှုနှင့် စာကြည့်တိုက်နှင့် ဒီဂျစ်တယ်သင်ယူမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်