နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မြန်မာနှစ်သစ်ကူးအခါသမယနေ့၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ရှိ ဝန်ထမ်းများ၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ဇမ္ဗူသီရိမြို့ နယ်၊ မင်္ဂလာကန်တော်တွင် ကျင်းပသည်။
ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ငါးကောင်ရေ ၁၉၀၀ ကောင်ကို ဇီဝိတဒါနဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)