နေပြည်တော် ၃၀ ဩဂုတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၈)ရက် မြောက်နေ့သို့ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့်လာရောက်လေ့လာကြသည့် ပြည်သူ စုစုပေါင်း(၂၂၁) ဦး တက်ရောက်လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၈,၃၈၃) ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)


