ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ လွှတ်တော်သို့လာရောက်လေ့လာလိုပါက သုံးရက် ကြိုတင်ပေးပို့နိုင်

နေပြည်တော် ၂၄ ဩဂုတ် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၉၀ တက်ရောက်လေ့လာခဲ့ကြသည်။


ကြိုတင်ပေးပို့နိုင်


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း ၅၇၉၄၀ ရှိပြီး လွှတ်တော်သို့လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ သုံးရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။


သတင်းစဉ်

 

Upload C