နေပြည်တော် ၁၇  ဩဂုတ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား( MRTV) ၊ MITV၊ MNTV၊ Channel 9 ၊ Up to Date၊ One News၊ မြဝတီ(MWD)၊ MWD(Variety)၊ DVB ၊ Mizzima  ၊ YTV ၊  မြန်မာ့အသံရေဒီယို၊ Myanmar State Counsellor Office Facebook ၊ NRPC Facebook ၊ MOI Facebook  ၊ MRTV Facebook ၊ Myanmar Digital News Facebook ၊ Skynet DTH Facebook  Page တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)