နေပြည်တော် ၁၈ ဩဂုတ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပမည်ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရန်အတွက် ဩဂုတ် ၁၈ ရက်နေ့တွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိစ္စများဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ (၂၀၂၀) အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက်များကို ထည့်သွင်းချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။
#MRTV