မန္တလေး   ၁၅   ဩဂုတ်   

 

ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ထာဝရငြိမ်းချမ်းရေးစေတီတော်  ဘက်စုံ တည်ဆောက်အချောသပ်မွမ်းမံခြင်း လုပ်ငန်းများအတွက်  အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်းရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌   ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ဇနီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ညွှန်ကြားရေးမှူး ဦးအောင်သိန်းဦး၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။  ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်စကားပြောသည်။

 

ထို့နောက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဦးမောင်ကို ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥ(ထာဝရ ကုမ္ပဏီများအုပ်စု၊ ရွှေဥဩရွှေဆိုင်) မိသားစုမှ အလှူငွေကျပ် သိန်းနှစ်ရာ၊ ဦးမြင့်နိုင် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ရွှေ  (အာရှနိုင် အင်တာပရိုက်စ်လီမိတက်) မိသားစုမှ အလှူငွေကျပ်သိန်း တစ်ရာ့ငါးဆယ်၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်ဌေးဌေးသိန်း (မြသစ္စာ သစ်သီးပွဲရုံလုပ်ငန်း) မိသားစု၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်အုန်းမြင့် (သမာဓိအာမခံရွှေဆိုင်၊ အောင်စိုးမိုး လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးနှင့် အောင်စိုးမိုး အထည်ဆိုင်) မိသားစု၊ ဒေါက်တာဝင်းလှိုင် ဇနီး သုဓမ္မသိင်္ဂီ ဒေါ်မြစန္ဒာဝင်း (တော်ဝင်စိန်တိုက်) မိသားစု၊ ဦးဝင်းဖေမြင့် (မြတံခွန်နှင့် အောင်သန်းဆု ပင်ရင်းထီရောင်းဝယ်ရေး) မိသားစု၊ သုဓမ္မမဏိဇောတဓရ ဒေါက်တာ ကျော်သက်နိုင် (အောင်သိဒ္ဓိနို့ဆီနှင့် ရွှေမြန်မာထောပတ်လုပ်ငန်း) မိသားစု ၊ ဦးတင်ကိုကို + ဒေါ်အေးသီတာ ( Shining Star Gem & Jewellery) မိသားစု ၊ ဦးဘရန်မိုင် (သျှမ်းလက်ရာစားသောက်ဆိုင်) မိသားစု၊ ဒေါ်ခင်နှင်းဦး (ခ) မစုရင် (မြန်မာနန်းထိပ် ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်အေးအေးမြင့် မိသားစု၊ သုဓမ္မမဏိဇောတဓရ ဦးမောင်စိုး (စိန်စွန်ညို-အဆင့်မြင့် သံရည်ကျိုသံနန်းဆွဲ လုပ်ငန်း) မိသားစု၊ ဦးညီမော်ကွန်း ဇနီး ဒေါ်ရူပါအေးသန်းဝင်း (သစ္စာကျောက်မျက်ရတနာ ရောင်းဝယ်ရေး နှင့် ခေတ်ရာဇာ ကျောက်မျက်ကုမ္ပဏီ) မိသားစု၊ ဒေါ်ဝင်းဝင်းခိုင် (ခ)ဒေါ်အလင်း (Champion Bakery မုန့်မျိုးစုံဖြန့်ချိရေး) မိသားစုနှင့် သုဓမ္မသိင်္ဂီ ဒေါ်ခင်မိုးမိုးဝင်း (Immortal Moe Co; Ltd ဆိုင်ကယ် လက်လီ လက်ကားဖြန့်ချိရေးလုပ်ငန်း)မိသားစုတို့မှ အလှူငွေကျပ်သိန်းတစ်ရာစီ၊ ဦးအောင် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးမော်စီ (အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်း) မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်သန်းသန်း(မြန်မာသူရ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း) မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်မြမြသန်း (ကုန်သည်) မိသားစု၊ ဦးသန်းဌေးအောင် (ဦးဘရင်သံဆိုင်) မိသားစု၊ ဦးမျိုးချစ်(အောင်သန်းဝေ စက်မှုလက်မှု၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ ရွှေဝါဝင်းမင်္ဂလာခန်းမနှင့်ကိတ်မျိုးစုံလုပ်ငန်း) မိသားစု၊ ဒေါ်ဥမ္မာစောဝင်း (မြန်မာ့အလှ ပိုးထည်၊ ချည်ထည်တိုက်၊ Hello  စက်သုံးဆီ ရောင်းဝယ်ရေး) မိသားစု၊ ဦးကျော်သန်းဇော် မိသားစု၊ ဒေါ်ညွန့်ညွန့်အောင်(မြဂုဏ်ရောင်ရွှေခေတ်စတိုး)မိသားစု၊ ဦးအောင်အောင် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ ၊ ဦးမြင့်အောင် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်ရီ (အောင်မြင့်မိုရ် ဟိုတယ်နှင့် သာစည် ရောင်းဝယ်ရေးလုပ်ငန်း) ၊ ဒေါက်တာလှကြွယ်+ သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးအောင် (အောင်ဝင့်ထည် စီးပွားရေးလုပ်ငန်းစု ကုမ္ပဏီလီမိတက်) မိသားစုတို့မှ အလှူငွေကျပ်သိန်း(၅၀)စီ ၊ ဒေါ်ထွေးထွေး (ခ) ဒေါ်လှထွေး(ဆန်းဝင်းမြင့်စက်မှု) မိသားစုမှ အလှူငွေကျပ်သိန်း(၃၀) နှင့် ဒေါ်ညွန့်ယဉ်ဝင်း (Rich Life Co,Ltd) မိသားစု ကျပ်သိန်း(၂၀) တို့က  အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူ၍ အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး  ပြည်ထောင်စု ဝန်ကြီးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

အဆိုပါ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် အနယ်နယ်အရပ်ရပ်မှ  အလှူရှင် (၂၈)ဦးတို့မှ စုစုပေါင်း လှူဒါန်းငွေကျပ်  ၂၂၅,၀၀၀,၀၀ဝိ/- (သိန်း နှစ်ထောင့်နှစ်ရာငါး ဆယ်တိတိ) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်