နေပြည်တော်  ၄  ဇူလိုင် 
    
    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာ အဖွဲ့ (၃၁)ဖွဲ့မှ သတင်းမီဒီယာသမား ( ၄၉ )ဦးတို့ တက်ရောက်ခဲ့ကြသည်။
    

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် ( ၁/၂၀၁၉ ) အပြီးသတ် အမိန့်ချမှတ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
    

ယင်းနောက် သတင်းမီဒီယာအဖွဲ့များမှ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

 

1