နေပြည်တော် ၁၅ မေ
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် International IDEA (International Institute for Democracy and Electoral Assistance) ၏ Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

 

3686

 

တွေ့ဆုံစဉ် International IDEA မှ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် STEP Democracy အစီအစဉ် အကောင်အထည်ဖော်နိုင်မှု အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)