နေပြည်တော်   ၁၁  ဇွန် 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းသည် အိန္ဒိယနိုင်ငံသံအမတ်ကြီး  Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက် နေမှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချမှု ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်   IT နည်းပညာ အသုံးပြုနိုင်ရေး အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

mdn

 

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

( သတင်းစဉ် )