ကျိုင်းတုံ ၂၄ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်မှ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို တိုင်းလိ ယဉ်ကျေးမှုခန်းမဆောင်တွင် ယနေ့နံနက် ၈နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဆွေတင့်လွင် (ရှမ်းပြည်နယ်တာဝန်ခံ)က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်မြင့်ဝင်းက မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တက်ရောက်လာကြသော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(ရှမ်းပြည်နယ်တာဝန်ခံ)၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲအရာရှိတို့မှ ပြန်လည်ဖြေကြားရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဆွေတင့်လွင် (ရှမ်းပြည်နယ်တာဝန်ခံ)က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


