နေပြည်တော် ၉ ဇူလိုင်
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးမှု၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေမှု၊ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာများနှင့် ပညာသင်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


