နေပြည်တော် ၉ ဇူလိုင် 

ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်းကျင်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်၊ အာဆီယံသပြေပင်နှင့် ရွက်လှပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများက သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက်၊ သံပုရာ၊ မရမ်း၊ ဂွေးချိုပင် စသည့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့သည် ရုံးရှေ့လျှိုပိတ်ဆည်အတွင်းသို့ ငါးကြင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ ၆၀ဝ၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်