ဘားအံ ၂၅ ဩဂုတ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နေပြည်တော်၌ ဩဂုတ် ၈ ရက်မှ ၉ ရက်ထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေး ဦးစီးမှူးများ၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ဩဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ကရင်ပြည်နယ် တရားလွှတ်တော်ရုံးတွင် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းက အဖွင့်အမှာစကား ပြောကြား၍ အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူးက တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာများကို လည်ကောင်း၊ တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ် တရားသူကြီးများက တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို လည်ကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်၊ မြို့နယ်ရှိ တရားရေးအရာရှိများနှင့် တရားသူကြီးများ စုစုပေါင်းအင်အား ၂၄ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


