နေပြည်တော် အောက်တိုဘာ ၂၂
ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဖက်ဒရယ်တရား ရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ ဖက်ဒရယ်တရား ရုံးချုပ်ကကြီးမှူး၍ အောက်တိုဘာ၁၈ ရက်မှ ၂၁ ရက်အထိ ကွာလာ လမ်ပူမြို့၌ ကျင်းပသည့် “အာဆီယံ တရားသူကြီးချုပ်များကောင်စီ၏ ဆယ်နှစ်တာ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန် အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး (Council of ASEAN Chief Justices (CACJ) Retreat)” သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် အာဆီယံ တရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံ နိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ အောက်တိုဘာ ၁၉ ရက် တွင် ပူထရာဂျာယားမြို့ရှိ မလေး ရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်သို့ သွားရောက်ကာ မလေးရှားနိုင်ငံ တရားရုံးများ၌ ဉာဏ်ရည်တု နည်းပညာအသုံးပြု ဆောင်ရွက်ခြင်းကို လေ့လာပြီး အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ ဆယ်နှစ်တာ အထိမ်းအမှတ် တံဆိပ်ခေါင်းပြပွဲ အပါအဝင် မလေးရှားတရားရုံးချုပ်က ဆောင်ရွက်သည့် အာဆီယံတရားသူကြီးချုပ်များ ကောင်စီက ချမှတ်ခဲ့သည့် စံပြမူများ(Model Rules) မိတ်ဆက်ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ အောက်တိုဘာ ၂၀ ရက်တွင် “အာဆီယံ တရားသူ ကြီးချုပ်များကောင်စီ၏ ဆယ်နှစ် တာလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ် များချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး” ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ကျင်းပရာ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စု တရားသူကြီးချုပ် နှင့်အတူ အာဆီယံတရားသူကြီး ချုပ်များကောင်စီ (CACJ) အဖွဲ့ဝင် များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အာဆီယံတရား သူကြီးချုပ်များ ကောင်စီ၏ ဆယ်နှစ်တာ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်း စဉ်များချမှတ်ရန်အတွက် ဆွေးနွေးကြသည့် အကြောင်းအရာများအပေါ် ပြည်ထောင်စုတရားသူကြီးချုပ်က အာဆီယံတရားသူကြီးချုပ် များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်