နေပြည်တော် ၉ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Mrs. Tone Tinnes နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဂတိကင်းစင်ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
သတင်းစဉ်


