လားရှိုး၊ ဒီဇင်ဘာ ၁၀

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန် ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင်ရောက်ရှိ နေထိုင်လျှက်ရှိသည့် တိုက်ပွဲရှောင်စုရပ်များသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် လိုအပ်သော ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ကာ  ဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လားရှိုးမြို့ အမှတ် (၁၂) လားရှိုးကြီးရပ်ကွက်၊ ကမ်မိန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုးငွေကျပ် (၂,၆၅၅,၀၀ဝိ) နှင့် နိုင်ငံတော်အကြီးအကဲမှ ပေးအပ်သော စားသောက်ဖွယ်ရာ၊ အဝတ်အထည်များထောက်ပံ့၍ အားပေးစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ် (၈) အောင်သီတာရပ်ကွက်၊ ရွှေပြည်အေးဓမ္မရိပ်သာ တိုက်ပွဲရှောင်စုရပ်သို့ သွားရောက်ပြီး ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုးငွေကျပ် (၂,၄၄၈,၀၀ဝိ) နှင့် နိုင်ငံတော်အကြီးအကဲမှ ထောက်ပံ့သော အစားအစာ၊ အဝတ်အထည်များ ပေးအပ်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ် (၄)၊ အာရုံတော်ရပ်ကွက်၊ ပန်အုပ်ကျောင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုးငွေကျပ် (၇၂၉,၀၀ဝိ)၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာတို့ကို ထောက်ပံ့ရာ တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ်(၁၂) လားရှိုးကြီး ရပ်ကွက်၊ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းသို့ သွားရောက်ကာ ဆန်ရိက္ခာဖိုးငွေကျပ် (၆,၆၉၆,၀၀ဝိ)၊ ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ) နှင့် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပြီး တိုက်ပွဲရှောင် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးခဲ့ရာ ယနေ့ထောက်ပံ့ ပေးခဲ့သော အိမ်ထောင်စု (၃၈၇) စု၊ လူဦးရေ (၁၃၉၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးစုစုပေါင်းမှာ ငွေကျပ် (၁၂၅ဒသမ၂၈) သိန်းဖြစ်ပြီး လားရှိုးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် (၇၇၁ ဒသမ ၇၅)သိန်း ရှိပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်