နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ United Paper Co.,Ltd ၏ ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျော့ဖတ်နှင့် စက္ကူစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်မှု စက်ယန္တရား နည်းပညာပြပွဲနှင့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်တို့၌ ခင်းကျင်းပြသသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

အဆိုပါ ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ UMFCCI နှင့် ညီနောင်အသင်းများ ဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းများ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊  အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ စက်မှုထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာ စားသောက်ကုန်များ၊ စားသောက်ဆိုင်များ စုစုပေါင်း (၅၃၃) ဆိုင် ဖွင့်လှစ်ပြသ ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn