ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ CMP စနစ် အသုံးပြု၍ ဦးထုပ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် Asia Caps Co., Ltd အား သွားရောက်ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လက်ရှိလုပ်ငန်းလည်ပတ်နေမှု၊ လစဉ် ထုတ်လုပ်နိုင်မှု၊ နိုင်ငံခြားသို့ ထုတ်ကုန်ပစ္စည်းတင်ပို့မှု၊ ပြည်ပမှကုန်ကြမ်းတင်သွင်းမှု၊ ပြည်တွင်းလုပ်သား ခန့်ထားပေးနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ CMP လုပ်ငန်းအောင်မြင်တိုးတက်စေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ စက်ရုံ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လုပ်ငန်းများ လည်ပတ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုသည်။

Asia Cap Co., Ltd သည် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၄၀၀ ခန့် ဖန်တီးပေးနိုင်ပြီး ပြည်ပနိုင်ငံများသို့ တစ်လလျှင် ဦးထုပ်အမျိုးမျိုး ၂၅၀,၀၀၀ ခန့် တင်ပို့နေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မင်္ဂလာ ဒုံစက်မှုဇုန်၌ CMP စနစ် အသုံးပြု၍ ဇာပန်းထိုးခြင်းနှင့် အထည်ချုပ်လုပ်ငန်း ဆောင်ရွက် နေသည့် Sun-Flower Lace Co., Ltd အား သွားရောက်ကြည့်ရှု အားပေးကြပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးကြကာ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ထုတ်လုပ်မှု တိုးတက်စေရေး၊ လူမှုရေးဆိုင်ရာ တာဝန်ယူမှုအစီအစဉ် (Corporate Social Responsibility) ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လုပ်ငန်းများ လည်ပတ်နေမှု အခြေအနေကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

Sun-Flower Lace Co., Ltd သည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံး ဇာပန်းထိုး အထည်အမျိုးမျိုးကို ထုတ်လုပ်တင်ပို့လျက်ရှိပြီး ယခုစက်ရုံ အပါအဝင် မြန်မာနိုင်ငံ၌ စက်ရုံ ၃ ရုံ တည်ထောင်၍ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၀၀ ခန့် ဖန်တီးပေးသည့် လုပ်ငန်းဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်