နေပြည်တော် နိုဝင်ဘာ ၂၃

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နည်းပညာတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။

 

အဆိုပါတက္ကသိုလ်သို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု၊ စာသင်ခန်းများ၌ သင်ကြားသင်ယူမှု လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု၊ သင်ကြာ းသင်ယူမှု အထောက်အကူပြုစနစ် (Learning Mana gement System – LMS)ကို အသုံးပြု၍ သင်ကြားနေသော သင်ခန်းစာများ၊ ခေတ်မီသင် ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ Language Lab နှင့် ကွန်ပျူတာ ခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းအားပေးသည်။

 

နေပြည်တော် နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် ရာ ယခု (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိပြီး မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာ ဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များသင်ကြားပေးလျက်ရှိ ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေနိုင်ရန်နှင့် နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာ ပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့် ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)