နေပြည်တော်၊ အောက်တိုဘာ ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲ အပ်ခြင်းခံရသော ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ကို ယနေ့ညနေ ၅ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုရှားနိုင်ငံရှိတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် မြန်မာနိုင်ငံမှ တက္ကသိုလ်များအချင်းချင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သုတေသနလုပ်ငန်းများ၊ နျူးကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ပညာသင် စေလွှတ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်