နေပြည်တော် ၁၅ ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပနိုင်ရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်၊ UNESCO မှ Head of Office, Ms. Min Jeong Kim နှင့် National Project Officer ဒေါ်နိုင်နိုင်အေး၊ IMS/FOJO မှ Country Program Manager, Mr. Finn Rasmussen နှင့် Project Officer ဦးရဲဝင့်လှိုင်ဘွား၊ DW Akademie မှ Local Office Manager, U David Lian ၊ BBC Media Action မှ Country Program Manager, Ms. Rachael Mc Guin ၊ Internews မှ Adviser ဦးသီဟစော၊ JICA မှ Project Officer ဦးအောင်ကျော်စွာနှင့် EU MyPOL မှ Adviser ဒေါ်သင်းသင်းအောင် စသည့် မီဒီယာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1

 

တွေ့ဆုံစဉ် အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံအား ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်နှင့်  ၃၁ ရက်တို့တွင် ကျင်းပရန်လျာထားခဲ့ပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရမှု အခြေအနေ၊ နှစ်စဉ်ကျင်းပမြဲ မီဒီယာညီလာခံကို ပြန်လည်ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ကျင်းပမည့်နေ့ရက်၊ ကျင်းပမည့်နေရာ၊ ကျင်းပမည့်ပုံစံနှင့် ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများအပြင် လက်ရှိမြန်မာ့မီဒီယာကဏ္ဍ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြောင်းလဲလာသည့် မီဒီယာအခင်းအကျင်းပုံစံတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

2

 

သတင်းစဉ်