နေပြည်တော် ၂၄ ဇူလိုင်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-hwa အား ယနေ့နံနက် ၁၁ နာရီတွင်လည်းကောင်း၊ YTV မှ အမှုဆောင်အရာရှိချုပ် ဒေါ်နန်းစောထွေးနှင့် ယူနန် TV မှ New Media ဆိုင်ရာ Deputy General Manager, Mr. Yu Lei ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီခွဲတွင်လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုပ်ရှင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အောက်တိုဘာ(၇)ရက်မှ (၃၁)ရက်အထိ ကျင်းပပြုလုပ်မည့် 2019 Kwanhun-KPF Press Fellowship အစီအစဉ်သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ မီဒီယာသမားများ စေလွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 

1


YTV မှ အမှုဆောင်အရာရှိချုပ် ယူနန် TV မှ Deputy General Manager တို့နှင့် တွေ့ဆုံစဉ် ရုပ်မြင်သံကြားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် New Media ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်