နေပြည်တော် ၂ ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ(၂) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

drg

  

 
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့်  ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်ရေး၊ မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ ရေဒီယိုနှင့် ရုပ်ရှင်နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် စာပေဆိုင်ရာနှင့် ပုံနှိပ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 


    
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

သတင်းစဉ်

 

dhber