နေပြည်တော် ၈ မေ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

1111

 

ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ပြန်ကြားရေးဝန်ကြီးဌာန၊ စာကြည့်တိုက်များအတွက် သမ္မတ ရှီကျင့်ဖျင်ရေးသားသော The Governance of China စာအုပ်(၄၅၆)အုပ် လှူဒါန်းပွဲအခမ်းအနားကို ကျင်းပရာ သံအမတ်ကြီးက စာအုပ်များလှူဒါန်းရခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ 

(သတင်းစဉ်)