ရန်ကုန်   ဩဂုတ်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ တေးသံရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဂီတပညာရှင်များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံပွဲသို့  ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တေးသံရှင်များအသင်းမှ မြန်မာပြည် သိန်းတန်၊  ဟေမာနေဝင်းနှင့် ဂီတပညာရှင်များဖြစ်ကြသော ဦးကြည်မင်းသိန်း၊ စန္ဒယားသိန်းမြင့်သန်း၊ မုံရွာညိုလေး၊ ဦးဝင်းမော်(ရွှေသံစဉ်) အကော်ဒီယံ အောင်မင်းနိုင်၊ ဦးသစ်လွင်(သရဖီထုတ်လုပ်ရေး) တို့ တက်ရောက် ဆွေးနွေးကြ သည်။

 

တွေ့ဆုံစဉ် ဂီတအဖွဲ့အစည်းဆိုင်ရာများနှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

KHP_0033

 

KHP_0049

 

KHP_0032