ရန်ကုန် ၁၁ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်) မြို့၌ ဇွန် ၁၂ ရက် မှ ၁၄ ရက်အထိ Media Digitisation-Focusing on Developing Markets ဆောင်ပုဒ်ဖြင့် ကျင်းပမည့် အာရှမီဒီယာထိပ်သီးအစည်းအဝေး (၂၀၁၉) (Asia Media Summit 2019) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(အသံလွှင့်) ဦးဇေယျာ တို့ လိုက်ပါ သွားကြသည်။
(သတင်းစဉ်)