နေပြည်တော်၊ ဇွန် ၁၂
မြန်မာနိုင်ငံသားများဘဏ်လီမီတက်၏ နှစ် (၃၀) ပြည့် ပုလဲရတု အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ကမာရွက်မြို့နယ်ရှိ LOTTE Hotel ၌ ကျင်းပသည် ။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း က မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ရာယခုအခါ နှစ်(၃၀) ပြည့် ပုလဲရတုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန် စတော့ချိန်း (YSX) ၌ စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်နှင့်အညီ အစုရှယ်ယာရှင် များ၏ ကောင်းကျိုးကို ရှေးရှု၍ အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားရန်နှင့် ပွင့်လင်းမြင်သာမှုရှိပြီး နည်းစနစ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဘဏ်လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ အဓိကကျသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့်အပြင် စျေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင်နိုင်ရန်အတွက် အခြေခံကျ သည့် အခန်းကဏ္ဍမှလည်းပါဝင်နေကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို စနစ်တကျ နည်းလမ်းမှန်ကန်စွာနှင့် ဆောင်ရွက်ပေးပြီး မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင် ရန်ပိုမိုကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက် Digital အသွင်ကူး ပြောင်းရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ် ပြီး Customer များ အသုံးပြုရာတွင် လွယ်ကူစေရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ CEO Mr. Gavinda Gurung နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)