နေပြည်တော်၊ စက်တင်ဘာ ၂၂

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို နေပြည်တော်ရှိကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အစောပိုင်း ခက်ခဲသည့် ကာလများတွင် ကမ္ဘောဒီးယားနိုင်ငံမှ မိမိတို့ နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ Rapid Antigen Test Kit များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ အာဆီယံ AHA Center မှ တစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး ပထမအဆင့်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ဉီးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေ များ၊ ယခုအခါ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရွက်နိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို တစ် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နိုင်ငံတော်၏ အချုပ် အခြာအာဏာကို မထိပါးသည့် လူသားချင်းစာနာမှု အကူ အညီများကို လက်ခံသွား မည့်အစီအစဉ်များ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ သွားမည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြသည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဉီးစီး ဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)