နေပြည်တော် ၂၇ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မေ ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးဒေါင့်မြို့နယ်၊ ဒါးကရိုးကြီးရွာရှိ သုခရွှေစင်ဆန်စက်သို့ရောက်ရှိရာ ပိုင်ရှင်မှ ဆန်စက်အတွင်း လိုက်လံပြသသည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် စပါးစိုက်တောင်သူများအား တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကန်ကြီးဒေါင့်ကျေးရွာ ဆန်စက်အမှတ်(ဝ၀၄) တန် ၁၀ဝ ဆန် စက်သို့ ရောက်ရှိကာစက်ရုံအတွင်း စပါးများကြိတ်ခွဲသန့်စင်ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှင်းလင်းဆောင်တွင် စပါးစိုက်တောင်သူများအားတွေ့ဆုံ၍ သီးနှံများစိုက် ပျိုးရာတွင် စပါးမျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးရေး၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ဝါးများအား စနစ်တကျ အသုံးပြုရေးနှင့် ဓါတ်ကြွင်းမှုမရှိစေရေး၊ ကြိတ်ခွဲထုတ်လုပ်ရာတွင် အရည်အသွေးကျ ဆင်းမှု မရှိစေရန် အထူးအလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ (၂၆) ရက် နံနက် ၉ နာရီခွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရုံးသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့တော်စီမံကိန်း ပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းဒုတိယဥက္ကဋ္ဌက မြေဧက (၆၇၀ဝ) ကျော် ပေါ်တွင် ပုသိမ်စက်မှုမြို့တည်ဆောက်မည့် အစီအမံများ၊ လက်ရှိတည်ဆောက် ပြီးစီးနေမှု၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန် ပြီးစီးရေးနှင့် ပြည်တွင်းပြည်ပမှ အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေးလုပ်ငန်း များအား လာရောက် ရင်းနှီးမြှုပ်နှံရေးတို့အားမှာကြားပြီး မြေဧက (၆၇၀ဝ) ပေါ်တွင် တည်ဆောက် လျက်ရှိသည့် နိုင်ငံ တကာအဆင့်မီဆိပ်ကမ်းတည်ဆောက်မည့်မြေနေရာ၊ အသုံးပြုပြီးရေအား ပြန်လည်သန့်စင်စွန့် ထုတ်သည့်စက် တည်ဆောက်နေမှုနှင့် အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် ယင်းစက်မှုမြို့တော် အစည်းအဝေးခန်းမ၌ ပုသိမ်မြို့ ကုန်သည် လုပ်ငန်းရှင်များအားတွေ့ဆုံကာ ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသူများမှ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Form နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိပြီး နို့စားနွားကောင်ရေ (၃၀) မွေးမြူထားရှိမှုနှင့် နို့ထွက်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)