နေပြည်တော် ၂၅ ဇူလိုင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr Tim Enderlin နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားရေး၊ ဆွစ်ဇာလန်နိုင်ငံ၏ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ အနေဖြင့် Vocational Training များ ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပညာသင်ဆုများ ထောက်ပံ့ပေးနိုင်ရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


