နေပြည်တော် ၁၅ မေ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံသည်။

 

9928

 

တွေ့ဆုံစဉ် တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော်ရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

(သတင်းစဉ်)