နေပြည်တော် ၂၈ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Community and Family Services International (CFSI) အဖွဲ့မှ Executive Director, Dr. Steven Muncy အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Community and Family Services International (CFSI) အဖွဲ့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းပညာရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အပါအဝင် ကျား/မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာကိစ္စ၊ ဝန်ကြီးဌာနမှ ဦးဆောင်၍ရေးဆွဲလျက်ရှိသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအသစ် မကြာမီပြဋ္ဌာန်းနိုင်တော့မည့် အခြေအနေ၊ ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များပေါ်ထွန်းလာရေး ဆက်လက်ဆောင်ရွက်သွားရမည့်ကိစ္စ၊ ဝန်ကြီးဌာန၏ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ CFSI အဖွဲ့မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ဒေါက်တာဘွဲ့၊ မဟာဘွဲ့ စသည့်ကာလရှည်သင်တန်းများအပါအဝင် ကာလတို သင်တန်းများ၊ အွန်လိုင်းသင်တန်းများအား ပူးတွဲ၍ ဆောက်ရွက်နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်