နေပြည်တော် ၂၉  ဩဂုတ် 

 

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီမံချက်အရ ချင်း ပြည်နယ်၊ ဆမီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် ငွေကြေးထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု များအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ကို ဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားစရိတ် ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့၏ဝန်ထမ်းများအ နေဖြင့် တိုက်ပွဲရှောင်စခန်းများသို့ ထောက်ပံ့မှုများ သွားရောက်ဆောင်ရွက်ကြရာတွင် ကိုဗစ်-၁၉ ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန် အရေးကြီးကြောင်းနှင့် လမ်းခရီး၊ နယ်မြေအခက် အခဲအမျိုးမျိုးကြားက ပြည်သူများအတွက် ဌာန၏တာဝန်များကို ကြိုးပမ်းဆောင်ရွက်ပေးကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီမံချက်အရ ထောက်ပံ့မှုများ ဆောင်ရွက်ရာ၌ ဩဂုတ် ၂၅ရက်နှင့် ၂၆ ရက်များတွင် ချင်းပြည်နယ်ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မတူပီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ ဆမီးမြို့သို့သွားရောက်ကာ ဆမီးမြို့ရှိတိုက်ပွဲရှောင်စခန်း (၄) ခုရှိ အိမ်ထောင်စု (၈၁၂) စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၄) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂,၄၈၀,၀၀၀ အပြင် လက်ဆေးဆပ်ပြာများကိုပါ တိုက်ပွဲရှောင်မိသားစုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။

 

ထို့အပြင် ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း (၁၉) ခုမှ အိမ်ထောင်စု (၁၁၁၃) စုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၄,၅၂၀,၀၀၀ ကို လာမည့် စက်တင်ဘာလ ပထမပတ်မှစ၍ ပြည်နယ်တိုက်ပွဲရှောင်ကြီးကြပ်မှုကော်မတီ ဒုတိယဉက္ကဌ ပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၏ ကြီးကြပ်မှုဖြင့်ပလက်ဝမြို့နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင် ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းကာ အိမ် ထောင်စုများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်သည်။

 

ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်အရ ပ လက်ဝမြို့၊ ဆမီးမြို့နှင့် စိမ့်စင်းဝကျေးရွာတို့ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများတွင် ကိုဗစ်-၁၉ သံသယလူနာတွေ့ရှိပါက သီးသန့်ထားရှိနိုင်ရေးအတွက် ထောက်ပံ့ပေးသော ငွေကျပ်သိန်း (၃၅၀) ဖြင့် Long House (၇) လုံးတည်ဆောက်ထားပြီး ပလက်ဝမြို့၊ ဆမီးမြို့နှင့် မီးဇာကျေးရွာတို့တွင် Long House (၅) လုံး ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေကျပ်သိန်း(၃၆၀) ကိုလည်း ထပ်မံခွင့်ပြု ပေးထားပြီးဖြစ်သည်။ ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများအတွက် ပလက်ဝမြို့နယ်၊ စိမ့်စင်းဝ ကျေးရွာတွင် တန်ဖိုးနည်း ဝါးကပ်လုံးချင်းအိမ်  (၁၆၃) လုံး၊ မီးဇာကျေးရွာတွင် (၁၀၇) လုံးဆောက် လုပ်နိုင်ရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ငွေကျပ် ၅၄ ဒဿမ ၁၀၂ သန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့ လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်