နေပြည်တော် ၄ ဇွန် 
    

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNICEF (Myanmar)၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ်  မသန်စွမ်းသူများအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းစီမံချက် ပေါ်ထွန်းရေး၊ မသန်စွမ်းမှုကာကွယ်ရေးဖြစ်သည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်တို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊  မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲနေမှု၊ မသန်စွမ်းသူ မှတ်ပုံတင်ရေး၊ မသန်စွမ်းသူများကို လူမှုရေးအကူအညီပေးရေး အစီအစဉ်များ တိုင်းဒေသကြီး၊ ပြည်နယ် (၁၅) ခုတွင် ဆောင်ရွက်နေမှု၊ မသန်စွမ်းဖြစ်မှု ကာကွယ်ရေးတွင် မိုင်းအန္တရာယ် အသိပညာပေးရေးသာမက Early Childhood Intervension (ECI)လုပ်ငန်းကို ပြည်နယ်၊ တိုင်းဒေသကြီး (၄)ခုတွင် စီမံကိန်းချမှတ် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးကြသည်။  

 


သတင်းစဉ်