နေပြည်တော်   ၁၆  မေ 
    

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွင်းဝန် H.E.Mr. Sanjay Mitra နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1


    

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား  ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)

 

1