နေပြည်တော်  ၂၅   ဇူလိုင် 


ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင် အား ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆွစ်ဇာလန်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုကိစ္စ၊ ရခိုင်ဒေသအရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)

 

ge NA