နေပြည်တော် ၂၂ မေ 
    

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ Swiss Agency for Development and Cooperation (SDC) တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၆ ဒသမ ၄) သန်းဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းတံတားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အခြေအနေ။
    

 

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် SWISSAID တို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃ ဒသမ ဝ၃) သန်းဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို Substainable Development ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေ။
    

 

SWISSAID နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃ ဒသမ ဝ၀၃) သန်းဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ရေရှည်တည်တံ့သော ဘက်စုံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို Memorandum of Understanding (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆွစ်ဇာလန်နိုင်ငံအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 


သတင်းစဉ်