နေပြည်တော် ၁၁ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် အခြေအနေ၊ နိုင်ငံတော်အစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းဒုက္ခသည်များအား ပြန်လည်လက်ခံနိုင်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းရှိ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ (၁) နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းဖြင့် (၃) နှစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၃၀) ထောက်ပံ့ကူညီပေးရေးဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


