ရန်ကုန် ၂၈ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် “အောင်ဆန်း”ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ၊ သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းတို့ တက်ရောက်ကြသည်။
သတင်းစဉ်


