ညောင်ရွှေ၊ အောက်တိုဘာ ၁၉

 

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးရေလယ် ဗိုလ်တဲတွင် အင်းလေးရိုးရာ လှေပြိုင်ပွဲအုပ်စုအဆင့် ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

 

mdn

 

ယနေ့  အမျိုးသား (၄၆) တက် လှေပြိုင်ပွဲတွင် အိုင်ထောင့်ကြီးရွာ၊ မိုင်းသောက်ရွာ၊ စည်သာရွာ၊ ရေသာကုန်းရွာ၊ ကျွန်းကြီးမြောက်ရွာ၊ ကေလာရွာ၊ မြောင်းဝကြီးရွာ၊ ရေမဲပင်ရွာ တို့ယှဥ်ပြိုင်ကြ၍ အမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် လယ်သစ်အောက်ရွာ၊ မင်းချောင်းအရှေ့ရွာ၊ ကေလာရွာ၊ အိုင်ထောင့်ကြီးရွာ၊ ရှေ့ဝကြီးရွာ၊ ရွှေပြည်သာရွာ၊ မိုင်းသောက်အင်းရွာ၊ မြောင်းဝကြီးရွာတို့ ယှဥ်ပြိုင်ကြပြီး အမျိုးသမီး (၂၆) တက် လှေပြိုင်ပွဲတွင် အိုင်ထောင့်ကြီး (က) အသင်းနှင့် အိုင်ထောင့်ကြီး (ခ) တို့ ယှဥ်ပြိုင်ကြကာ ဆုချီးမြှင့်ပွဲကို ကျင်းပရာ (၄၆) တက် ပြိုင်ပွဲတွင် ဆုရရှိသော အိုင်ထောင့်ကြီးရွာ၊ စည်သာရွာ၊ ကေလာရွာ၊ မြောင်းဝကြီးရွာတို့ကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က လည်းကောင်း၊ အမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် လယ်သစ်အောက်ရွာ၊ ကေလာရွာ၊ ရွှေပြည်သာရွာ၊ မြောင်းဝကြီးရွာ၊ တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လည်းကောင်း ဆုများချီးမြှင့်ပေးကြပြီး အမျိုးသမီး (၂၆) တက် လှေပြိုင်ပွဲတွင် ဆုရရှိသော အိုင်ထောင့်ကြီး (ခ) အသင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးမှ ဆုချီးမြှင့်ပေးခဲ့သည်။

 

အဆိုပါ အင်းလေးရိုးရာ လှေပြိုင်ပွဲတွင် ရာကျော်လှ (၈) သင်း၊ (၄၆) တက် လှေ (၈) သင်းအုပ်စုပွဲနှင့် အမျိုးသမီး (၂၆) တက်လှေပြိုင်ပွဲများ ယှဥ်ပြိုင်ကျင်းပပြီး အနိုင်ရရှိသည့် အသင်းများသည် ညောင်ရွှေမြို့သို့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရှပ်ရုင်တော်များ ကြွချီအပူဇော်ခံမည့် အောက်တိုဘာ (၂၁) ရက်တွင် ဗိုလ်လုပွဲအဖြစ် စည်ကားသိုက်မြိုက်စွာ ယှဥ်ပြိုင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်