နေပြည်တော် စက်တင်ဘာ ၁၄
အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂၀) မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၊ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့် တရုတ်နိုင်ငံနှင့် သာမက အခြားအာဆီယံနိုင်ငံများနှင့်လည်း ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကွမ်ရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


