နေပြည်တော် ၂၅ ဇူလိုင် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အမေရိကန်သံရုံးယာယီတာဝန်ခံ Mr. George Sibley နှင့် ဒုတိယအတွင်းဝန် Ms. Sarah Grebowski နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ Extractive Industry Transparancy Initiative (EITI) သစ်တောကဏ္ဍ အစီရင်ခံစာကို ဒေသတွင်းနိုင်ငံများအကြား ဦးစွာထုတ်ပြန်ကြေညာနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) ပြဋ္ဌာန်းမှုနှင့် နည်းဥပဒေများထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်နေမှု၊ တရားမဝင် သစ်ခုတ်လှဲထုတ်လုပ်မှုများအတွက် ပြည်သူလူထုပူးပေါင်းပါဝင်သည့် Community Monitoring and Reporting System (CMRS) ဆောင်ရွက်မှုနှင့် ဆက်နွယ်သည့် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သစ်တောပြန်လည် တည်ထောင်ခြင်းအတွက် နိုင်ငံတစ်ဝန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပမှုနှင့် အလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်နိုင်မှု၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေ (၂၀၁၉) ပြဋ္ဌာန်းမှုနှင့် အကောင်အထည်ဖော်မည့် နည်းဥပဒေများ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဓာတ်သတ္တုမူဝါဒ ရေးဆွဲပြုစုမှုတို့တွင် နည်းပညာအကူအညီ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးနှင့် ထိခိုက်မှုလျော့နည်းသက်သာစေရေး ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်