နေပြည်တော်  ၆  ဇွန် 

 

သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် World Wide Fund for Nature(WWF) မှ Country Director, Dr. Christy Williams နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

ထို့သို့တွေ့ဆုံစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့( World Wide Fund for Nature -WWF)တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU သက်တမ်းတိုးမြှင့်ရေး၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲမှုသင်တန်းကျောင်း (Wildlife College) တည်ထောင်ရေး၊ Global Environment Fund- GEF 7 စီမံကိန်းဆိုင်ရာပဲခူးရိုးမမြောက် ဇာမရီဆင်ဘေးမဲ့ တောထိန်းသိမ်းရေး၊ ပဲခူးရိုးမထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် တရားမဝင်ဆင်သတ်ဖြတ်မှု များလုံးဝရပ်တံ့ရေး (Zero Poaching) ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

AKN_6