နေပြည်တော် ၁၀  မေ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် Asian Development Bank ၏ Country Director, Mr. NewinSinsiri နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍများတွင် ADB မှ အထောက်အပံ့ပေးနေသည့် စီမံကိန်းများနှင့် မြန်မာနိုင်ငံသို့ ADB ၏ ကူညီပံ့ပိုးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)