နေပြည်တော် ၁ ဇူလိုင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak အား ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ထားဝယ်အထူးစီးပွား ရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံနယ်စပ် Kanchanaburi မှ ထားဝယ် အထူးစီးပွားရေးဇုန်သို့ နှစ်လမ်းသွား ကတ္တရာလမ်း ဖောက်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


