နေပြည်တော် ၂၃ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E . Mr. Tim Enderlin အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် လမ်း/တံတားတည်ဆောက်ရေးဆိုင်ရာများ၊ ဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ရာတွင် အကူအညီပေးရေးကိစ္စရပ်များ၊ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော စာသင်ကျောင်း Design များဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)