ရန်ကုန် ၆ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူတည်ဆောက်နေသော ဆားသလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ- ကဝ လမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။
ရှေးဉီးစွာ ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ပြီး လုပ်ငန်းအခြေအန ၊ P1Bored PileS.I.T စမ်းသပ်နေမှု၊ P2 Cap လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ P1 Cap လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးသန်းတိုးအောင်က တံတားချဉ်းကပ်လမ်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားအရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်သည့် ဟောင်ကောင်အခြေစိုက် MAAThirdParty ပညာရှင်အဖွဲ့နှင့်တွေ့ဆုံပြီး တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု Pile Cap လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တံတားချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု)သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးကို ပေါင်းကူးပေးသည့် ဆားသလင်း- ဒါးပိန်း- ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ- ကဝလမ်းကို ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ရှိပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အုတ်မြစ်၊ ကိုယ်ထည်နှင့် 1.2 m 0 Bored Pile Foundation တို့ဖြင့် တည်ဆောက်ထားကာတံတားအရှည် (320m)၊ ယာဉ်သွားလမ်းအကျယ် (8.5m)၊ လူသွားလမ်းအကျယ် (1m)ပါရှိပြီး တံတား၏ခံနိုင်ဝန်မှာ H.S.25-44 (Load Class) ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) လမ်းမကြီးပြုပြင် ထိန်းသိမ်းထားရှိမှုနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (ရန်ကုန်-ပဲခူး) အပိုင်းပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတလျှောက် ကြည့်ရှုစစ်ဆေးပြီး ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်သည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး၏ ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး တံတားဘိုးပိုင်လုပ်ငန်းများ၊ ကမ်းကပ်ခုံလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ အရှည် (၂၆၀)ပေ သနပ်ပင်-မင်းရွာကျောင်းစု ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ယာယီလုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာနှင့် လွှတ်တော်ကိုယ်စားလှယ်များက တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့(၉)မှ တည်ဆောက်နေသော ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား (ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတိုင် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ကမ်းကပ်ခုံနှင့် P5 ကြား ကွန်ကရစ်ယက်မ သွန်းလောင်းနေမှု၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပဲခူးမြစ်ကူးတံတား(ကဝ)သည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကဝမြို့ရှောင် လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် (၆၀ဝ)ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၄) ပေနှစ်လမ်းသွားနှင့် လူသွားလမ်းတစ်ဖက်လျှင် (၃)ပေစီပါရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာတန် (၆၀)ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


