နေပြည်တော် ၂၇ ဇွန် 

 


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မန္တလေး - ထီးချိုင့် - မူဆယ်လမ်း၊ နေပြည်တော်-ကျောက်ဖြူ လမ်းဖောက်လုပ်ရေးကိစ္စ၊ ကွမ်းလုံတံတားသစ် တည်ဆောက်ရေးကိစ္စ၊ ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးကိစ္စ၊ ရန်ကုန်မြို့ပြ ဖွံဖြိုးတိုးတက်ရေးကိစ္စနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအား တရုတ်ဘာသာစကား သင်တန်းပို့ချရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

 


သတင်းစဉ်